Author Topic: ရန်ကုန်ဖန်မန်ဘာများ သွေးလှူအသင်း  (Read 3425 times)

0 Members and 1 Guest are viewing this topic.

November 02, 2010, 06:51:37 PM
  • Professional Lion
  • ***
  • Thank You
  • -Given: 23383
  • -Receive: 12172
  • Posts: 836
  • Member Number: 216
  • Thank You +495/-0
ထူးခြားမှုများနှင့် ရန်ကုန်ဖန်

မောင်နှမတို့ရေ

ကျွန်တော်တို့ ရန်ကုန်ဖန် ရန်ကုန်ဖိုရမ်ဟာ ထူးခြားမှုများနှင့် ပြည့်နှက်နေပါတယ် ။ ခုလို ဘောလုံးဖန် ဘောလုံးဖိုရမ်
ဆိုတာကလည်း ကျွန်တော်တို့စီမှာတော့ များမကြာသော ကာလမှသာ ပေါ်ထွန်းလာခဲ့တာ မဟုတ်လား ။ ဖန်ကို ဦးဆောင်သူများသည် အများအားဖြင့် ပြင်ပသို့ လူလုံးထွက်ပြလေ့ မရှိတာကို ဖိုရမ်သက်တမ်းရင့်သူတွေ သိရှိပြီးသား ဖြစ်မှာဖြစ်သလို မသိသေးသည့် ကျွန်တော်သည်လည်း ကျင်လည်ရင်းနှင့် သိရှိခဲ့ပါတယ် ။

အုပ်ချုပ်ရေးတာဝန်ယူသူများသည် အုပ်ချုပ်ရေးတာဝန်များကို ထမ်းရွက်ရာတွင် မျက်နှာနာစရာများကို ရှောင်လွှဲလို၍
ပြင်ပတွင် မန်ဘာနစ်တစ်ခုဖြင့် ကျင်လည်ကောင်း ကျင်လည်မည်ဖြစ်သော်လည်း MTM နစ်ဖြင့် ကျင်လည်တာမျိုးက
ဖိုရမ်လောကမှာတော့ ရှားမှရှား ဆိုတာမျိုးပါ ။

ကျွန်တော်တို့ ရန်ကုန်ဖန် ရန်ကုန်ဖိုရမ်မှာတော့ လူလုံးထွက်ပြရုံမျှမက ဖော်ရွေစွာ လက်တွဲပြီး ခရီးဆက်နေသည်မှာ
တစ်မူထားခြားသည် မဟုတ်ပါလား ။ ရန်ကုန်ဖန် အုပ်ချုပ်ရေးတာဝန်ယူသူများသည် နားလည်မှုနှင့် တည်ဆောက်
ထားသည့် ဖန်တစ်ခု ဖိုရမ်တစ်ခုအဖြစ် ပထမဆုံးအသက်သွင်းခဲ့သည့် ဖိုရမ်တစ်ခုကို တည်ဆောက်နိုင်ခဲ့သည်ဟု
ထင်မြင်မိပါသည် ။

အမြင်စုံ အတွေးစုံ တစ်ယောက်ကို တစ်မျိုးမို့ လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး ။ ခုလို လူအများ
ကြီးဟာ တစ်စုတစ်ဝေးတည်းနဲ့ စိတ်တူကိုယ်တူ ခရီးဆက်နေသည်မှာ ဦးဆောင်သူကောင်းတွေရှိလို့ ဖြစ်သလို လက်
တွဲသူ မန်ဘာများဘက်ကလည်း အားတက်သရော ပူးပေါင်းပါဝင်မှုရှိခဲ့လို့ဆိုတာ အထူးပြောစရာတောင် မလိုပါဘူး ။
ဦးဆောင်သူနှင့် လက်တွဲသူများဟာ ကိုယ်ကျွမ်းကျင်ရာ ပိုင်နိုင်ရာ အပိုင်းတို့ကို တတ်စွမ်းသမျှဆိုတာထက်ပိုပါတယ်
အနစ်နာခံ တည်ဆောက်ပေးနေတာဟာ လောကမှာ မြင်ရတွေ့ရခဲသည့် ပေးဆပ်မှုမျိုးဖြစ်ပါတယ် ။

အန်ဒရေဂျိဧ။် လိပ်ပြာတစ်ကောင် ၊ ကဗျာဘ၀များနှင့် မောင်နှမများ

မောင်နှမတို့ရေ

ကဗျာလောကသားမှ ကဗျာဆရာတို့ဟာ ဤသို့ ဆိုလေ့ရှိပါတယ် ။

ကဗျာဆရာတို့ဟာ..
ကျော်ကြားမှု ၊ ငွေ ၊ အခွင့်အာဏာ စသည်တို့ကို လိုချင်၍ မဟုတ် ။ ကဗျာသည် သူတို့ကိုးကွယ်ရာ ၊ ကဗျာသည်
သူတို့ဧ။် ဒဿန ၊ ကဗျာသည် သူတို့ဧ။် ဘာသာစကား ၊ ကဗျာသည် သူတို့ဧ။်ချစ်သူ ၊ ကဗျာသည် သူတို့ဧ။် အ
ဟာရ ဖြစ်နေသောကြောင့် ကဗျာစပ်နေကြခြင်းဖြစ်သည် ။ သူတို့သည် ကဗျာကြောင့် ချစ်သူနှင့် ကွဲခဲ့ကြဖူးသည် ။
မိသားစုနှင့် ခွဲနေခဲ့ဖူးသည် ။ ကဗျာကြောင့် ထမင်းငတ်ခဲ့ကြဖူးသည် ။ ကဗျာကြောင့် ဘ၀တစ်ခုလုံး လွင့်စင်ကြေမွ
သွားရသူပင် ရှိသည် ။ သူတို့သည် ကဗျာဆူး စူးပြီး ကဗျာမူး မူးနေကြသည် ။

မောင်နှမတို့ရေ

ကိမိလဗေဒ ပညာရှင်တို့အဆိုအရ လိပ်ပြာသည် ဥအုပြီးနောက် သေဆုံးသွားရသည်ဟု ဆိုသည် ။

စာရေးဆရာ အန်ဒရေဂျိက “ လိပ်ပြာဟာ ဥအုပြီးနောက် ဘ၀မှာ ပျော်ရွှင်ချမ်းမြေ့မှုရယ်လို့ ရှိနေသေးသလားဆိုတာ
ကျွန်တော် သံသယဖြစ်မိတယ် ။ လေညင်းဧ။် စေခိုင်းချက် ရနံ့ဧ။် ဆွဲဆောင်မှုဆိုတာထက် ဟိုမှသည် လူးလာပျံဝဲ
နေရတယ် ” ဟု ရေးသားခဲ့ဖူးပါတယ် ။

အန်ဒရေဂျိသည် အိုမင်းနေသည့် အသက် ၇၂ နှစ်အရွယ်တွင် ထိုစာကြောင်းများကို ရေးသားခဲ့ခြင်းဖြစ်ပါသည် ။
သူပေးသွားသည့် ဥပမာ သူဆိုလိုချင်ခဲ့သည့် အဓိပ္ပါယ်သည် လှပလွန်းလှပါသည် ။ ကိမိလဗေဒ ပညာရှင်တို့ဧ။်
အဆိုအရ ဥအုပြီးနောက် သေဆုံးသွားရသည့် လိပ်ပြာတို့သည် သူ့မျိုးဆက်ပြန့်ပွားရေးတာဝန်ကို ထွက်သက်နှင့်
ရင်းကာ ပျော်ရွင်စွာ ထမ်းရွက်သွားခဲ့သည့်အကြောင်း ရေးသားခဲ့တာပါ ။

အန်ဒရေဂျိသည် စာရေးဆရာဖြစ်သည့်အလျောက် အထက်က ကဗျာဆရာများဆိုလိုခဲ့သလို ဆိုလိုချင်ခဲ့တယ်
ထင်ပါတယ် ။ စာရေးဆရာ ကဗျာဆရာတို့ဟာ စာပေလောက ကဗျာလောကတိုးတက်ရေးကိုသာ စိတ်ရင်းအတိုင်း
သယ်ပိုးကြတာကို တင်စားထားခဲ့ဟန် တူပါတယ် ။ ဤသို့ ပြုမူနေထိုင်ခြင်းမှာ အခြားမျှော်ကိုးမှု မပါသည်ကို ကိမိ
လဗေဒပညာရှင်တို့ အဆိုနှင့် နှိုင်းယှဉ်ဖော်ပြထားသည်မှာ ပြောင်မြောက်လှပါတယ် ။

မောင်နှမတို့ရေ

အထက်ပါ ကဗျာဆရာတို့ ပြောစကားနှင့် အန်ဒရေဂျိဧ။် လိပ်ပြာတစ်ကောင် စကားစုကို တွေးမိသည်တိုင်း မောင်နှမ
များကို သတိတရ ရှိလှပါတယ် ။ ဘောလုံးအားကစား ၀ါသနာရှင်များဖြစ်သော မောင်နှမတို့သည်လည်း ဘာအကျိုး
ရလဒ်ကိုမှ မမျှော်ကိုးပဲ ရန်ကုန်အသင်းကို ကိုယ်စားပြုပြီး ဘောလုံးလောကအကျိုးကို (အထူးသဖြင့် အမျိုးသားလိဂ်) သယ်ပိုးနေကြသူများဆိုတာ အထူးပြောစရာ မလိုပါဘူး ။

ကဗျာဆရာတို့ဧ။် အဖြစ်အပျက်များနှင့် အန်ဒရေဂျိဧ။် လိပ်ပြာတစ်ကောင်စကားစုသည် မောင်နှမများအတွက် ပြော
ပေးခဲ့သည်အလား ထင်မှတ်ရလောက်အောင် တိုက်ဆိုင်လွန်းလှတာ သိကြမယ်ထင်ပါတယ် ။

တစ်ကြိမ်မှာ တစ်ခု

ကျွန်တော်တို့ မိတ်ဆွေတစ်ယောက်က လူသူရှင်းသော မက္ကဆီကို ကမ်းခြေတစ်နေရာမှာ သူတွေ့ကြုံခဲ့ရသည့် အဖြစ်
အပျက်တစ်ခုကို ပြောပြသည် ။

နေ၀င်ဆည်းဆာအချိန် ကမ်းခြေမှာ သူတစ်ယောက်တည်း လျှောက်သွားရင်းက ဟိုအဝေးစီမှာ လူုတစ်ယောက် လှမ်း
မြင်ရသည် ။ နည်းနည်းနီးလာတော့ ဒေသခံတစ်ယောက်ဖြစ်ကြောင်း သတိပြုမိသည် ။ သည်လူက ကမ်းခြေသောင်
စပ်မှာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားနေရာက တစ်စုံတစ်ရာကို ငုံ့ကောက်ကာ ပင်လယ်ရေထဲ လွှင့်ပစ်သည် ။ သည့်
နောက် အဲသည်လိုပဲ နည်းနည်းလျှောက်သွားလိုက် တစ်ခုခုတွေ့လျှင် ကောက်ယူလိုက် လွှင့်ပစ်လိုက် လုပ်နေသည် ။

ကျွန်တော်တို့မိတ်ဆွေ သူ့အနား ရောက်သွားပြီး သေသေချာချာကြည့်လိုက်တော့ လှိုင်းနှင့်ပါလာပြီး သဲသောင်ပြင်
ပေါ် တင်ကျန်နေသည့် ကြယ်ငါးတွေကို ရေထဲ ပြန်ပစ်ထည့်ပေးနေခြင်း ဖြစ်ကြောင်း သိလိုက်ရသည် ။

သည်လူ ဘာရည်ရွယ်ချက်နှင့် လုပ်နေသလဲ ကျွန်တော်တို့ မိတ်ဆွေ စဉ်းစားမရ ဖြစ်သွားသည် ။ သို့နှင့် သူ့ကို
နှုတ်ဆက်ပြီး တည့်တည့်ပင် မေးကြည့်သည် ။

“ မသိလို့ မေးပါရစေဗျာ ၊ မိတ်ဆွေ ဘာလုပ်နေတာပါလိမ့်”

“ ကြယ်ငါးတွေ သမုဒ္ဒရာထဲ ပြန်ပို့ပေးနေတာလေ ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲ ၊ အခု ဒီရေကျချိန် သောင်ပြင်ပေါ်မှာ
  တင်ကျန်ခဲ့တဲ့ ကောင်တွေဟာ ရေတက်တဲ့အချိန်ရောက်အောင် ဒီမှာ အကြာကြီး စောင့်နေရမှာ ၊ ဒါပေမဲ့ အဲဒီ
  လောက်ကြာရင် အောက်ဆီဂျင်ပြတ်ပြီး သေမှာပဲ ”

“ ဟုတ်ကဲ့ ၊ အဲဒါတော့ ကျွန်တော်လည်း သဘောပေါက်ပါတယ်” ကျွန်တော်မိတ်ဆွေက ဆိုသည် ။ “ ဒါပေမဲ့
ဒီကမ်းခြေတစ်လျှောက်မှာ ကြယ်ငါးတွေ ထောင်ချီပြီး ရှိနေမှာပေါ့ဗျာ ၊ အဲဒီကောင်တွေအားလုံး ခင်ဗျား ဘယ်လို
လိုက်ကောက်မလဲ ၊ တစ်ယောက်တည်း မနိုင်နိုင်ဘူးလေဗျ ၊ ပြီးတော့စဉ်းစားကြည့် ၊ ဒီကမ်းရိုးတန်းတစ်လျှောက်
လုံးမှာဆိုရင် ခုလို သဲသောင်ပြင်ပေါင်း ရာချီရှိမှာပေါ့ ၊ ဒီသောင်စပ်တိုင်းမှာ ရှိပေမယ့် ကြယ်ငါးတွေ ဘယ်လိုလုပ်
မလဲ ၊ သူ့သဘာဝနဲ့သူ ဖြစ်နေတာ ခင်ဗျားတစ်ယောက်ကြောင့် ဘာတွေ ထူးခြား ပြောင်းလဲသွားနိုင်မလဲ ”

ဒေသခံပုဂ္ဂိုလ်က ပြုံးသည် ။ နောက်ထပ် ကြယ်ငါးတစ်ကောင် ကောက်တယ် ။ ထို့နောက် “ တခြားကောင်တွေ
အတွက် မထူးခြားပေမယ့် ဟောဒီ ကြယ်ငါးတစ်ကောင်အတွက်တော့ ထူးခြားသွားတာပေါ့ဗျာ ” ဟုဆိုကာ ပင်
လယ်ရေထဲ လှမ်းပစ်ထည့်လိုက်လေသည် ။

[ဘာသာပြန်သူ (ဖေမြင့်) မူရင်း Jack Canfield နှင့် Mark V.Hansen တို့ဧ။် One At A Time]

မောင်နှမတို့ရေ

တစ်ကြိမ်မှာတစ်ခုဆိုသည့် ရသ၀တ္ထုကို ဖတ်ဖူးပြီးသား သူတွေချည်းပါပဲ ။ ဖတ်မိသည်တိုင်းလည်း အသစ်အသစ်
သော အင်အားများကို ပေးစွမ်းနိုင်သည့် ရသစာပေတစ်ခုပါ ။

မောင်နှမတို့ရေ

အနာဂါတ်အကြောင်းကို ကြိုတွေး၍ကာ မသိရှိနိုင်ပေမယ့် တွေးမိသည့်အခါတိုင်း ရင်မောမိပါပေတယ် ။ နောင် ဖန်
ဖိုရမ်မှာ ကျွန်တော်တို့တွေ ခုလို အတူတကွ ရှိနေမလားဆိုတာ တွေးကြည့်မိရင် အဖြေမသိပါဘူး ။ အားလုံးသော
မောင်နှမများလည်း ရှိချင်သောဆန္ဒဖြစ်တည်တာ သေချာပေမယ့် တကယ်တွေးကြည့်ပါ မရေရာကြဘူး မဟုတ်
လား ။

ကျွန်တော်တို့ဟာ လောကီလူသားတွေပီပီ လက်တွေ့ဘ၀မှာ ခက်ခဲမှုများကို ဖြတ်သန်းရင်းနှင့်ပင် ကိုယ်ပျော်မွေ့ရာ
နေရာတစ်ခုမှာ ရင်းနှီးစွာဆုံတွေ့ခဲ့ရပါပြီ ။ ဆုံတွေ့သည့် အခိုက်မှာတော့ ကိုယ်ရပ်တည်ရာအတွက် တစ်ကြိမ်မှာတစ်
ခုတော့ ဖြစ်ဖို့ရာ ဆန္ဒရှိကြမှာပါ ။ ခက်ခဲသူတွေချည်းမို့ အများကြီးတော့ မလုပ်နိုင်ရင်တောင် ကျွန်တော်တို့တွေ တစ်
ခုလောက်ဖြစ်အောင်တော့ အတူတူ အားထုတ်ကြမယ်ဗျာ ။

ရန်ကုန်ဖန်မန်ဘာများ သွေးလှုအသင်း

မောင်နှမတို့ရေ

အစတုန်းက ကျွန်တော်တို့တွေ ဖန်တစ်နှစ်ပြည့်သည့် အောက်တိုဘာ (၂၀)ရက်ကို အမှတ်တရ ကုသိုလ်ကောင်းမှု
တစ်ခုလုပ်ဖို့ရာ တိုင်ပင်ကြတာကို မှတ်မိကြတယ်မှတ်လား ။ အောက်တိုဘာ (၂၀)ရက်နေ့ဟာ ကြားရက် ဗုဒ္ဓဟူးနေ့
ဖြစ်နေသည့်မို့ ရုံးသမားတွေ ကျောင်းသားတွေများသည့် ကျွန်တော်တို့တွေအတွက် အဆင်မပြေခဲ့ဘူးလေ ။

သိပ်မကြာခင် လုပ်မယ်လို့ တွေးပြန်တော့လည်း ရန်ကုန်ပွဲက တောက်လျှောက်ရှိနေသလို ရန်ကုန်ပွဲတွေမှာ အစီအစဉ်
အမျိုးမျိုးနဲ့ လိုက်ပါအားပေးကြတဲ့ မောင်နှမတို့တွေအတွက် အားလပ်ရက်သိပ်မရှိပြန်တာကြောင့် အသင်းကြီးပွဲတွေပြီး
ဆုံးသည့်ကာလမှသာ ဖန်တစ်နှစ်ပြည့်သည်တုန်းက မလုပ်ဖြစ်ခဲ့သည့် သွေးလှုသည့်အလှုကို လုပ်ဖို့ ဆုံးဖြတ်လိုက်ပါ
တယ် ။

ခုတော့ (၁၀)ရက်နေ့မှာ ရန်ကုန်-ဒယ်တာပွဲပြီးမှာမို့ သွေးလှုအသင်းတော့ပစ်ကို ကျွန်တော်ဖွင့်လိုက်ပါပြီ ။ အရင်အချိန်
တွေတုန်းက သွေးလှုဖို့ရာ စာရင်းပေးထားသူများကိုလည်း တစ်ခါတည်း ပြုစုခဲ့ပါတယ် ။ ဘယ်နေ့ ဘယ်ရက် လှုရင်
အားလုံးအတွက် အဆင်ပြေမလဲဆိုတာကို ၀ိုင်းဝန်းအကြံပြုပေးပါဦး ။ ကိုယ်အဆင်ပြေသလို အခြားသူလည်း အဆင်
ပြေသည့် ရက်ဖြစ်ဖို့ကို တိုင်ပင်ကြရအောင်လား ။

ကျွန်တော်မှတ်မိသလောက် စာရင်းပြုစုခဲ့တာပါ ။ မပါသေးသည့် မောင်နှမများရှိရင် ပြောပေးကြပါ ။ နီးစပ်ရာ အော့ဖ်
လိုင်း မောင်နှမများကိုလည်း အကြောင်းကြားပေးစေလိုပါတယ် ။ (greenlionman , yangon wizer တို့ဟာ
နယ်ရောက်နေတာကြောင့် ကျွန်တော် စာရင်းမထည့်တော့ပါဘူး )

(၁) ကိုရန်ငြိမ်း
(၂) ကိုဇင်
(၃) ကာရံသစ်
(၄) အောင်သော်ဇင်
(၅) ကျော်ကျော်ခိုင်
(၆) ဟက်ကာ
(၇) မယ်ကစ်
(၈) အေးချမ်းကိုကို
(၉) တင်ဝင်းနိုင်
(၁၀) ဂိုဏ်းချုပ်ကြီး
(၁၁) အောင်မျိုးဇော်
(၁၁) ရန်ကုန်သား (ဂိုဏ်းချုပ် သူငယ်ချင်း)
(၁၂) အကောင်အို
(၁၃) စောသွေး
(၁၄) စောထွေးလေး
(၁၅) အောင်စိုးမိုး
(၁၆) ရန်ကုန်ဘီလူး
(၁၇) ကိုဂျေး
(၁၈) နီလာအောင်
(၁၉) မဲလေး
(၂၀) မောင်ဘွိုင်း
(၂၁) မယ်ယု
(၂၂) မအိချို
(၂၃) ကိုအိုလီဗာ
(၂၄) အာကာ
(၂၅) ဂရင်းရို့စ်
(၂၆) မမိုးစန္ဒာ
(၂၇) ဂဲလ်ဂဲလ်
(၂၈) မသိင်္ဂီအေး
(ထွန်းလင်း ညီရေ ညီဝင်တဲ့အချိန် ကြုံရင် စာရင်းလေး ပြုစုပေးခဲ့ပါဦးနော်)


For The league For The Nation
For The Fan For The Nation And YUFC
November 03, 2010, 10:44:22 AM
Reply #1
  • Diamond Member
  • *****
  • Thank You
  • -Given: 8752
  • -Receive: 1861
  • Posts: 118
  • Member Number: 572
  • Thank You +4/-0
ကျွှန်တော်လည်း သွေးလှုချင်ပါတယ်။ စာရင်းထဲ ထည့်ပေးပါ ။ တစ်ခါမှတော့ မလှုဖူးပါဘူး။
ကျွန်တော်သွေးက လှုဖို့ကော အဆင့်သင့်ဖြစ်ရဲ့လား ဆိုတာတော့ အာမမခံဘူးနော်။
လိုက်ခဲ့မယ် လှုချင်တယ် ကံတရားပဲပေါ့။

(သွေးက လှုဖို့အဆင်သင့်ဖြစ်ပါတယ်ဗျာ ။ ကိုယ့်ဆရာကို ယုံပါတယ် ။ စာရင်းထဲထည့်လိုက်ပြီနော် ဟီးးး )


November 03, 2010, 06:02:15 PM
Reply #2
  • YKN + TTH ~ Together Forever
  • Diamond Member
  • *****
  • Thank You
  • -Given: 926
  • -Receive: 2825
  • Posts: 179
  • Member Number: 839
  • Thank You +13/-0
  • www.ygnfcfanclub.com
ကိုဘွိုင်းရေ...

၁၆.၀၇.၁၀ ရက်နေ့က ကျွန်တော့်မွေးနေ့မှာ သွေးသွားလှူခဲ့ပါတယ်....

အဲဒီကအပြန်မှာ ကျွန်တော်စဉ်းစားမိတာက ကျွန်တော်တို့ဖိုရမ်က သူငယ်ချင်းတွေ

စုပေါင်းပြီး သွေးလှူရရင် စည်းစည်းလုံးလုံးနှင့် အရမ်းပျော်ဖို့ကောင်းမှာပဲဆိုတာ

တွေးမိပါတယ်...

ဒါကြောင့်မို့ ဒီအသင်းလေးဖြစ်မြောက်လာဖို့ကို ကျွန်တော်အရမ်းမျှော်လင့်ခဲ့မိပါတယ်...

ဒီအသင်းလေးဟာ ကျွန်တော်တို့ဖိုရမ်ရဲ့ Image တစ်ခုအတွက် သာမက

တစ်ဦးတစ်ယောက်တိုင်းအတွက်ပါ ကြည်နူးမှုလေးတွေ ခံစားရမိတာ အမှန်ပါ...

သွေးဖောက်ရမှာ ကြောက်နေတဲ့သူငယ်ချင်းများအတွက်လည်း

သွေးတစ်ခါလှူပြီးတိုင်း ခံစားရတဲ့ကြည်နူးမှုလေးတွေက နောင်တစ်ကြိမ်ထပ်မံလှူဒါန်းဖို့အတွက်

တွန်းအားဖြစ်စေလိမ့်မယ်ဆိုတာ သေချာပါတယ်...

ကျွန်တော်တို့ဖိုရမ်သွေးလှူအသင်းမှာ ပါဝင်လှူဒါန်းချင်တဲ့ (တစ်ကြိမ်တစ်ခါမှ သွေးမလှူဖူးတဲ့)

သူငယ်ချင်းများအတွက်လည်း သွေးလှူတာနဲ့ပတ်သက်တာလေးတွေကို ကျွန်တော်တင်ပေးပါမယ်...

ဖိုရမ်သွေးလှူရှင်အသင်းမှာ ပါဝင်ဖို့ သူငယ်ချင်းများအားလုံးကို ဖိတ်ခေါ်ပါရစေ....

ချစ်ခင်စွာဖြင့်
ykn





I Love You So Much *TTH*
November 03, 2010, 07:20:28 PM
Reply #3
  • I'm Football Crazy
  • Active Lion
  • *****
  • Thank You
  • -Given: 2384
  • -Receive: 4743
  • Posts: 441
  • Member Number: 73
  • Thank You +56/-0
ကျနော်လည်း သွေးတစ်ခါမှမလှုဖူးသေးပါဖူး..
ဒါပေမယ့် မန်ဘာတွေနဲ့ အတူတူ ပျော်ပျော်ပါးပါး သွေးလှုမယ်ဆိုတော့ လှုချင်စိတ်ဖြစ်မိပါတယ်..
ကျနော် ခွင့်ပြန်တဲ့ အချိန်နဲ့ တိုက်ဆိုင်ရင်တော့ ကျနော်လည်း ပါဝင်ချင်ပါတယ်....

(ကိုဂျေး တိုက်ဆိုင်ဖို့များပါတယ်ဗျ ။ သွေးလှုအသင်းစာရင်းထဲ ထည့်လိုက်ပြီနော် ဟီးးးးးးးး )


November 04, 2010, 12:43:55 AM
Reply #4
  • မဲမဲ
  • Active Lion
  • *****
  • Thank You
  • -Given: 14959
  • -Receive: 14284
  • Posts: 2245
  • Member Number: 364
  • Thank You +65535/-0
  • ရန်ကုန်မြို့  နဲ့  ရန်ကုန်FCကိုချစ်တဲ့ ကိုမဲ
    • ပစ်တိုင်းထောင်လေးများအဖွဲ
မဲမဲလဲ တစ်ခါမှသွေးမလှူဖူးသေးဘူး
သူများတွေပြောတာကြားတာက ....
ဆယ်ရှစ်နှစ်ပြည့်မှသွေးလှူလို့ရတယ်လို့ကြားဖူးတော့
တစ်ခါမှသွေးလှူဖို့ကိုစိတ်မကူးဖူးဘူး
ဒါပေမယ့် လာမယ့် 16 ရက်နေ့ဆို မဲမဲ 18 နှစ်ပြည့်ပြီမလို့
ဖန်တွေနဲ့အတူပျော်ပျော်ပါးပါးသွေးလှူလို့ရပြီ
မဲမဲကိုလဲ ဖန်သွေးလှူအသင်းထဲထည့်ပေးနော်


(သွေးလှုအသင်းထဲ ထည့်လိုက်ပါပြီ မဲလေးရေ)


ဘောလုံးချစ်သူတိုင်းကိုမဲမဲမေးမှကြိုဆိုပါတယ်ခင်ဗျာ။
November 04, 2010, 12:52:29 AM
Reply #5
  • Forum Administrator
  • *****
  • Thank You
  • -Given: 4423
  • -Receive: 2254
  • Posts: 176
  • Member Number: 1
  • Thank You +138/-0
  • Just do it.
    • Yangon United FC Fan Club
သွေးလှူတတ်တဲ့အလေ့အကျင့်လေးတွေ ရလာရင်တော့ တော်တော်လေးကို ကိုယ့်ကျန်းမာရေးအတွက် ဂရုစိုက်ဖြစ်သွားမှာပါ။
ကျွန်တော် ရန်ကုန်မှာရှိနေစဉ်တုန်းကတော့ သွေးလှူတာ ၄ ကြိမ်လှူခဲ့ဖူးပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင်
ကျွန်တော်က ပိန်တယ်ဗျ...။ ကိုယ့်ကိုကိုယ်ပိန်မှန်းသိနေတော့ သွေးလှူလို့ရော ရပါ့မလားဆိုပြီး စိုးရိမ်ပူပင်မှုတွေအပြင် ...
သွေးမသန့်မှာလည်း စိုးရိမ်တော့ ပထမဆုံးသွေးမလှူခင်အချိန်မှာ စိုးရိမ်စိတ်တွေနဲ့ ချွေးဇောတွေပြန်နေတာပါပဲ။

လှူချင်တဲ့စိတ်က များနေတော့ ရင်ထဲမှာ တလှပ်လှပ်နဲ့ပေါ့ဗျာ။ ကိုယ့်ဟာကိုယ်လည်း ဂဏာမငြိမ်မှန်းလည်းသိတယ်။
ထိန်းမရဘူးဗျ။ ဘာကြောင့်ထိန်းမရလဲဆိုတော့ သူများနဲ့မတူဘူး။ အဲဒီအချိန်မှာ အပေါင်းအသင်းတွေကလည်း ပြောနေကြတာပေါ့။
ပိန်တဲ့လူက သွေးလှူအုံးမယ်ဆိုတော့ ရယ်ကျဲကျဲနဲ့ပေါ့ဗျာ။ သွေးစစ်ဖို့ ကျွန်တော့်ကို ခေါ်လိုက်ရင်ပဲ ဒူးတွေ လက်တွေတောင် တုန်နေတာ။
ဆရာဝန်တွေ သွေးစစ်နေတဲ့အချိန်မှာလည်း ဘုရားစာတွေရွတ်တာတောင် လျှာခလုတ်တိုက်နေတယ်။ ဆုတွေလည်းတောင်းရင်းနဲ့ပေါ့...။

သူနာပြုက သွေးလှူလို့ အဆင်ပြေပါတယ်ဆိုပြီး လာခေါ်တော့လည်း ကုတင်ပေါ်တတ်တော့ ခလုတ်တွေကတိုက်သေး။ ဆရာဝန်သွေးဖောက်ပြီး
ပုလင်းထဲကိုသွေးရောက်သွားတော့မှပဲ ဟူး.... ဆိုတဲ့ သက်ပြင်းချသံအရှည်ကြီးချပြီးတဆက်တည်းမှာ... ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်လေးကို
ကျေနပ်စွာနဲ့ ဖြတ်သန်းနေတာပေါ့.... (ကုတင်ပေါ်မှာနော်)... အတွေးနဲ့ မျှောနေတဲ့အချိန်မှာ ဆရာဝန်က...
ကျွန်တော့်ထံမှာ ခွင့်ပြုတောင်းခံချက်တွေအပြင် ထပ်မံစမ်းသပ်မှုတွေလုပ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အရေးပေါ်သားဖွားလူနာအတွက်
သွေးမလုံလောက်လို့ နောက်ဆုံး အိုသွေး ရှိတဲ့ ကျွန်တော့်သွေးကို တစ်ပုလင်းအပြင် ထပ်ပြီး အလှူခံပါတယ်ဆိုတော့ ...
ကျွန်တော်လဲ ဘာပြောကောင်းမလဲ.. ဆရာ စမ်းသပ်လို့ အဆင်ပြေသေးတယ်ဆိုရင် ကြိုက်သလောက်ထုတ်လို့ပဲ ပြောလိုက်ပါတော့တယ်။
ကျွန်တော့်ကို ပထမဆုံးသွေးလှူတဲ့အခါမှာတုံးက မှတ်မှတ်ရရပါပဲ ... တစ်ပုလင်းနဲ့ပုလင်းတ၀တ်တိတိ ကျွန်တော်လှူဖြစ်ခဲ့ပါတယ်။

အဲဒီနေ့ဆိုရင် သားဖွားဆောင်က လူနာရဲ့ မိသားစုတွေကလည်း ကျေးဇူးတင်စကားတွေက ဘ၀န်မှာခိုက်တာပေါ့ဗျာ... ပျော်တာကိုး...
အဲဒီနေ့က သွေးအားကောင်းဆေးနဲ့ ခြံထွက်စစ်စစ်ဆိုပြီးပေးလိုက်တဲ့ ကြက်ဥလေးကိုတောင် မသောက်ရက်....။

ဒီလိုနဲ့ အလုပ်မှာ.. လုပ်ဖော်ကိုင်ဖက်တဦးရဲ့ လူနာအတွက် သွားလှူဖြစ်ရင်း ဒုတိယအကြိမ်လှူဖြစ်သွားတယ်။
နောက်သွေးကင်ဆာ ၉ တန်းကျောင်းသားလေးအတွက် ထပ်လှူဖြစ်သေးတယ်။ အားလုံးပေါင်း ၄ ကြိမ်လှူဖြစ်ခဲ့ပြီးနောက်ပိုင်း...
ကျွန်တော်လည်း ဘောပွဲကြည့် အိပ်ရေးက ပျက် အလုပ်က များနဲ့ လှူမယ် လှူမယ်နဲ့ ထပ်မလှူဖြစ်တော့ပဲ... နောက်ဆုံး
နိုင်ငံခြားခရီးထွက်သွားတော့ သွေးလှူတာနဲ့ ပိုဝေးသွားပါတယ်။

သွေးလှူဖို့ ဆုံးဖြတ်ထားတဲ့ ညီအစ်ကိုတွေကိုလည်း အကြံပေးချင်တာ လှူဖို့ စဉ်းစားဆုံးဖြတ်ပြီးပီဆိုရင် အနည်းဆုံး ၁၀ ရက် (သို့)
၂ ပတ်လောက် ကို အအိပ်မှန် အစားမှန်လေးနေပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို အထူးဂရုတစိုက်နဲ့ နေသွားစေချင်ပါတယ်။
သွေးလှူစဉ်မှာ ကိုယ်ခံအားကောင်းစေချင်တာပါ။

ပထမအကြိမ်နဲ့ နောက်ထပ်တကြိမ်လှူချင်သေးရင်တော့ ၃လ နဲ့ ၄ လကြားလောက်စောင့်ရတယ်လို့ အကြမ်းဖျဉ်းလေ့လာဖူးပါတယ်။
သေချာတော့ မမှတ်မိတော့ဘူး။ နောက်ပိုင်းမှာ ဆက်တိုက်သာ လှူသွားဖြစ်ခဲ့မယ်ဆိုရင်တော့ အလိုလိုနေရင်း ကိုယ့်ကျန်းမာရေးအတွက်
အရင်ကထက် ပိုပြီး ဂရုစိုက်နေဖြစ်တော့မှာ မို့လို့... ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေသွားနိုင်မှာပါ။
နောက်ထပ်တခုကတော့ ကိုယ့်သွေးသားနဲ့ လှူတဲ့အလှူမို့လို့... အင်မတန်မှ ၀မ်းသာကြည်နူးမှုတွေရရှိနေစေမှာဖြစ်ပါတယ်။     ။


November 04, 2010, 05:59:51 PM
Reply #6
  • အားလုံးကိုချစ်တယ်...လေးစားတယ်...အတုယူတယ်
  • Diamond Member
  • *****
  • Thank You
  • -Given: 414
  • -Receive: 2822
  • Posts: 233
  • Member Number: 640
  • Thank You +12/-0
  • မင်္ဂလာပါ
    • http://profile.ak.fbcdn.net/hprofile-ak-snc4/hs426.ash2/70601_100000465887344_6469686_q.jpg
လာမယ့်..ဒီဇင်ဘာလမှာ..မွေးနေ့၇ှိပါတယ်

အဲ့တော့လေ  သွေးလှူချင်ပါတယ်    ...

ဲဖန်သွေးလှူအသင်းထဲထည့်ပေးနော်

(နောင်လာအီရေ ကျေးဇူးပါ စာရင်းထဲ ထည့်ထားလိုက်ပါပြီ)


November 06, 2010, 05:59:48 PM
Reply #7
  • Professional Lion
  • ***
  • Thank You
  • -Given: 890
  • -Receive: 13518
  • Posts: 2420
  • Member Number: 288
  • Thank You +65535/-0
    • Yangon United FC Fan Club
ကျွန်တော်လည်းသွေးလှူချင်ပေမယ့်  ကလေးဘဲရှိသေးလို့ လှူလို့မရသေးဘူးး ဟီးး

ဒါနဲ့လေ သွေးလှူဖို့  က လူထပ်မရှိတော့ဘူးလားဟင်

ဒီလူဘဲဆိုရင်တော့ ဘယ်နေ့လောက်သွေးလှူဖြစ်မယ်ဆိုတာ ကိုသေချာရက်သတ်မှတ်လိုက်ရင်ကောင်းမယ်

အားလုံးလည်းအားတဲ့နေ့ပေါ့

ဘယ်နေ့လောက်လှူမလဲဟင် ????




*\
**\
***
|||
|||. . . I Belong to Music,R&B
|||. . .
|||
|||
|||
|||
|||
|||. . . /\
||| . . /*\
||| . ./ **\
|||_ /****\
|||******/
---*****/
*******/
******/
*****
November 09, 2010, 07:17:42 PM
Reply #8
  • မန်ဘာအားလုံးကိုချစ်တယ်YUFC အောင်မြင်ပါစေ
  • Yangon's Venus
  • *****
  • Thank You
  • -Given: 11105
  • -Receive: 12034
  • Posts: 1001
  • Member Number: 257
  • Thank You +65535/-0
မယ်ယုလဲ ပါပါ့မယ်

ဒါပေမယ့် မယ်ယုရဲ့ ပထမဆုံးအကြိမ်သွေးလှူပွဲမအောင်မမြင်ဖြစ်သွားရတာကို

စီနီယာ မန်ဘာကြီးတွေတော့ သိမယ်ထင်ပါတယ်နော်

လှူလို့မရရင် ဘယ်လိုလုပ်မလဲဟင် :celebrate004: :celebrate004: :celebrate004: :celebrate004:


November 12, 2010, 10:11:46 PM
Reply #9
  • Professional Lion
  • ***
  • Thank You
  • -Given: 23383
  • -Receive: 12172
  • Posts: 836
  • Member Number: 216
  • Thank You +495/-0
ကျွန်တော်လည်းသွေးလှူချင်ပေမယ့်  ကလေးဘဲရှိသေးလို့ လှူလို့မရသေးဘူးး ဟီးး

ဒါနဲ့လေ သွေးလှူဖို့  က လူထပ်မရှိတော့ဘူးလားဟင်

ဒီလူဘဲဆိုရင်တော့ ဘယ်နေ့လောက်သွေးလှူဖြစ်မယ်ဆိုတာ ကိုသေချာရက်သတ်မှတ်လိုက်ရင်ကောင်းမယ်

အားလုံးလည်းအားတဲ့နေ့ပေါ့

ဘယ်နေ့လောက်လှူမလဲဟင် ????

ကောင်လေး ကလေးသွေးမလှုရဘူးလို့ ဘယ်ပညာရှိမှ မမိန့်ဆိုထားဘူး ။ တို့ပညာရှိအချင်းချင်းသိတယ်နော် ဟွင်းဟွင်းးးး
နင်က ခုတောင် ကိုးတန်းရောက်နေပြီ နောက်နှစ်ဆို မင်္ဂလာဆောင်ချင်ရင် ဆောင်လို့ရတယ် ဟွင်းဟွင်းးးးးးးးးးး
ဒါ ကလေးလား နင် မကလေးတော့ဘူးနော် နင့်အဖေကိုကြည့်တာနဲ့ နင့်အကြောင်းသိတယ် ဘာမှတ်သလဲ ဟွင်းဟွင်းးးးးး

ရက်ကိုတော့ နောက်ဆုတ်ထားရတယ် စောသွေးတို့အုပ်စု စာမေးပွဲဖြေပြီးသည့်အချိန်နဲ့ညိပြီး ရက်သတ်မှတ်လိုက်ပါ့မယ် ။
ကြားထဲမှာလည်း အခြားသူတွေကို လိုက်လံပြောကြည့်ချင်သေးတယ် ။ သူတို့တွေလည်း လှုဖို့အဆင်ပြေတယ်ဆိုရင်
တစ်ခါတည်း ပြီးသွားတာပေါ့ ။ လူများစေချင်တာလည်း ပါပါတယ် ။

စိတ်ချပါ ဒီတစ်ခုကိုတော့ သေချာလက်မလွတ်ပါဘူး နောက်ဆုံး မရှိရှိသည့်သူတွေနဲ့ သွေးအလှုဖြစ်မြောက်ဖို့ ကြိုးစားမှာပါ ။
လောလောဆယ်အေးနေတာက ဆောင်းတွင်းမို့လို့ပါ အင်...ကြည့်....အကောင်းပြောနေသလိုနဲ့ ဖောက်လာပြီ ဟီးးးးးးးးးးး

အဟင်းးးး အဟင်းးးးးးး ကျွန်တော်သိပ်မအားဖြစ်တာကော ကွန်ကျတာကောကြောင့်ပါ အရင်လို မတက်ကြွနိုင်ဖြစ်နေရလို့ပါ ။
ဘွိုင်းကြာကြာ သုခိတာစီ မသွားပါဘူး မကြာမီ ပြန်လာမှာပါ....


For The league For The Nation
For The Fan For The Nation And YUFC