Author Topic: အင်တာနက်နှင့်ပက်သက်သော သတင်းများ  (Read 523 times)

0 Members and 1 Guest are viewing this topic.

March 27, 2010, 07:40:03 PM
  • Professional Lion
  • ***
  • Thank You
  • -Given: 890
  • -Receive: 13518
  • Posts: 2420
  • Member Number: 288
  • Thank You +65535/-0
    • Yangon United FC Fan Club
အင်တာနက်နဲ့ပက်သက်တဲ့သတင်းတွေတင်ပေးနော်

သားလည်းအချိန်ရှိရင်တင်ပေးပါ့မယ် ကြိုးစားပြီးတင်ပေးပါ့မယ်


Follow members gave a thank to your post:


*\
**\
***
|||
|||. . . I Belong to Music,R&B
|||. . .
|||
|||
|||
|||
|||
|||. . . /\
||| . . /*\
||| . ./ **\
|||_ /****\
|||******/
---*****/
*******/
******/
*****
March 31, 2010, 06:05:24 PM
Reply #1
  • မဲမဲ
  • Active Lion
  • *****
  • Thank You
  • -Given: 14959
  • -Receive: 14284
  • Posts: 2245
  • Member Number: 364
  • Thank You +65535/-0
  • ရန်ကုန်မြို့  နဲ့  ရန်ကုန်FCကိုချစ်တဲ့ ကိုမဲ
    • ပစ်တိုင်းထောင်လေးများအဖွဲ
အင်တာနက်နဲ့ပက်သက်တဲ့သတင်းတွေတင်ပေးနော်

သားလည်းအချိန်ရှိရင်တင်ပေးပါ့မယ် ကြိုးစားပြီးတင်ပေးပါ့မယ်
ညီလေးရေဘယ်သူမှမရေးဘူး
ဘယ်သူရေးရေးမရေးရေး
အစ်ကိုသိတာလေးဝင်ရေးမယ်နော်..

မြန်မာGoogle user များသိသင့်တဲ့ Google ရဲ့  Story

March 29, 2010  ရက်နေ့မှာ ဂူဂယ်
တစ်ယောက် ဆယ်နှစ်ပြည့်ပါပြီ။ ဂူဂယ် ပေါ်ပေါက်လာတဲ့ သမိုင်းတစ်လျှောက်မှာ
မှတ်သား စရာလေးတွေ ရှိတဲ့ အတွက် အချို့ကို လေ့လာပြီး တင်ပြချင်ပါတယ်။
တကယ်တော့ ဂူဂယ် ဆိုတာဟာ ၁၉၉၆ ဇန်နဝါရီလမှာ လာရီပေ့ခ်ျ (Larry Page) နဲ့
ဆာဂျေး ဘရင်း (Sergey Brin) ဆိုတဲ့ စတန်းဖို့ဒ် တက္ကသိုလ်က ပီအိပ်ခ်ျဒီ
ကျောင်းသားလေး ၂ ယောက် တင်သွင်းခဲ့တဲ့ Search engine အကြောင်း
ရေးသားထားတဲ့ စာတမ်းလေး
တစ်စောင် ကနေပြီး စတင်ပေါက်ဖွားလာတာပဲ ဖြစ်ပါတယ်။ (မြန်မာ
ကျောင်းသားများလဲ ကိုယ်လုပ်တဲ့ စာတမ်းလေးတွေကို လက်တွေ့ အသုံးကျအောင်
အတတ်နိုင်ဆုံး ကြိုးစား ပြုစုနိုင်ကြပါစေ၊ ဂူဂယ် လိုမျိုး အောင်မြင်တဲ့
Product တွေ ထုတ်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်။)
အစကတော့ သူတို့ရဲ့ search engine ကို BackRub လို့ အမည်ပေးခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဆိုဒ်တစ်ခုရဲ့ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks
တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားလို့ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီ မတိုင်မီကတည်းက ဒီ နည်းစံနစ်ကို သုံးထားတဲ့ Rankdex ဆိုတဲ့
search engine တစ်ခု ရှိနေနှင့် ပြီးသားပါ။
သူတို့
နှစ်ယောက်ဟာ သီးစစ်လုပ်ကြရင်း နဲ့ အခု ဂူဂယ် ဖြစ်လာမယ့် search engine
အတွက် အခြေခံ အုတ်မြစ်တွေကို ခိုင်အောင် ချနိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ
သူတို့ search engine ရဲ့ လိပ်စာဟာ စတန်းဖို့ဒ် ယူနီဗာစီတီရဲ့ subdomain
တစ်ခုဖြစ်တဲ့ google.stanford.edu အနေနဲ့ စတင်ခဲ့တာပါ။ google.com
ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့ မှာမှ မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၈ စက်တင်ဘာလ ၄ ရက် မှာ Google Inc. ကို သူငယ်ချင်းတစ်ယောက်ရဲ့
ကားဂိုထောင်ထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို စတင်နိုင်ဖို့ လိုအပ်တဲ့
ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy
Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ
အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ
တိုးတက်များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။
၁၉၉၉ မတ်လ ရောက်တဲ့ အခါကျမှ ဆီလီကွန် တောင်ကြားမှာ ရှိတဲ့ Palo Alto မှာ
ကုမ္ပဏီကို ပြောင်းရွှေ့ပြီး ကျကျနန အခြေချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ အဲဒီ အဆောက်အဦးတွေကို Googleplex လို့ လူသိများလာခဲ့ပါတယ်။
ဂူဂယ်ဟာ သူ့ရဲ့ ရိုးစင်းတဲ့ ဒီဇိုင်းနဲ့ လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြပါတယ်။ ၂၀၀၀ခုနှစ် က စတင်ပြီး ဂူဂယ်မှာ
search keywords တွေကို အခြေခံတဲ့ ကြော်ငြာများ စတင် ထည့်သွင်းလာပါတယ်။
(ဂူဂယ်ဘယ်က ပိုက်ပိုက်တွေရသလဲဆိုတာ သိပြီနော် :P)။
ဂူဂယ် ဆိုတဲ့ နာမည် ဖြစ်လာပုံက တော့ googol (အဓိပ္ပါယ်က 10pow(100)) ဆိုတဲ့ စာလုံးကို google လို့ မှားပေါင်းရာက စလာခဲ့တာဖြစ်ပြီး Merriam Webster
Collegiate Dictionary နဲ့ Oxford English Dictionary တွေမှာ google ရဲ့
အဓိပ္ပါယ်ကို “အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် search engine ကို
အသုံးပြုခြင်း” လို့၂၀၀၆ မှ စတင်ပြီး ထည့်သွင်း ပေးခဲ့ပါတယ်။
ဂူဂယ်ရဲ့ အဓိက ဆားဗစ်က Google web search engine ဖြစ်ပေမယ့် သူ့မှာ အခြား ထင်ရှား လူကြိုက်များတဲ့ ဆားဗစ်တွေ အတော်များများ ရှိပါသေးတယ်။ စာဖတ်သူ အားလုံး
သိထားပြီးသားလဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် လက်အညောင်းခံပြီး
မရေးတော့ပါဘူးနော် :P။ အခုလောလောဆယ် ကျွန်တော့်အနေနဲ့ကတော့ ဂူဂယ်ကို
သုံးပြီး သီးစစ်ရဲ့ အစိတ်အပိုင်း အချို့ကို ပြုစုခဲ့တာ ဖြစ်သလို သူ့ကို
အသုံးပြုပြီး ဘလောက်ဂါက တစ်ဆင့် နည်းပညာ တစ်ချို့ကို ဝေမျှပေးနိုင်ခဲ့တဲ့
အတွက် ကျေးဇူးဆပ်တဲ့ အနေနဲ့ အခုလို ဆောင်းပါးလေးနဲ့ ဂူဂယ်ရဲ့
ဆယ်နှစ်မြောက်မွေးနေ့လေးကို ကြိုဆို ဂုဏ်ပြုလိုက်တာ ဖြစ်ပါတယ်ခင်ဗျား။

အကိုးအကားများ
http://en.wikipedia.org/wiki/Google


Follow members gave a thank to your post:
ဘောလုံးချစ်သူတိုင်းကိုမဲမဲမေးမှကြိုဆိုပါတယ်ခင်ဗျာ။
April 03, 2010, 04:27:51 PM
Reply #2
  • မဲမဲ
  • Active Lion
  • *****
  • Thank You
  • -Given: 14959
  • -Receive: 14284
  • Posts: 2245
  • Member Number: 364
  • Thank You +65535/-0
  • ရန်ကုန်မြို့  နဲ့  ရန်ကုန်FCကိုချစ်တဲ့ ကိုမဲ
    • ပစ်တိုင်းထောင်လေးများအဖွဲ
                                            ဖေ့စ်ဘုတ်နှင့် မြန်မာNingဆိုက်များ ကွန်မင်းပေးပုံကွာခြားပုံ

ဒီပို့စ်လေးကတော့ အများစုသော သူများသိပြီးသားဖြစ်ပေမယ့်လို့ တချို့သော ning ဆိုက်များနဲ့ မရင်းနှီးသေးသော ဖေ့စ်ဘုတ်သုံးသူများနှင့် ဖေ့စ်ဘုတ်နှင့်မရင်းနှီးသော ning ဆိုက်သုံးသူများ အတွက် ရည်ရွယ်လိုက်ပါသည်ရှင်။

ning ဆိုက်တစ်ခုထဲဝင်လိုက်ပြီး မင်ဘာဖြစ်သွားပြီဆိုတာနှင့် ကျွန်တော်တို့ပထမဦးဆုံးလုပ်လေ့လုပ်ထရှိတာကတော့ မိမိစာမျက်နှာကို လှလှပပလေးဖြစ်အောင်ပြင်ဆင်ခြင်း၊ သူငယ်ချင်းများဖိတ်ခေါ်ခြင်း၊ မိမိစိတ်ဝင်စားသော စာမျက်နှာများတွေ့ပါက ကွန်မင်းရေးပြီး နှုတ်ဆက်ခြင်း၊ ဖတ်စရာဘလော့များမွှေနောက်ရှာဖွေခြင်း၊ ချက်အခန်းမှ မည်သူမည်ဝါ အွန်လိုင်းပေါ်တွင်ရှိနေလဲဆိုတာ ၀င်ရောက်ကြည့်ရှု၍ လှမ်းနှုတ်ဆက်ခြင်းများကို အများစုက လုပ်ကြလေ့ရှိပါတယ်။ ဖေ့စ်ဘုတ်မှာကျတော့ ဒီလိုလုပ်ဖို့အတွက် ပထမဦးဆုံးအသင်းဝင်ပြီး သူငယ်ချင်းများကို အရင်ဖိတ်ခေါ်ရပါမယ်။ မိမိသူငယ်ချင်းများကိုသာ ကွန်မင်းများဖြင့်နှုတ်ဆက်နိုင်ပြီး မိမိဖိတ်ခေါ်ထားပြီးသော်လည်း တဖက်မှပြန်ပြီး အသိအမှတ်ပြုမှုမရှိသေးဘူးဆိုရင် သူနဲ့ပါတ်သက်သမျှမိမိဘာမျှသိနိုင်မှာမဟုတ်သလို နောက်ဆုံးလောလောဆယ် သူအွန်လိုင်းမှာရှိမရှိဆိုတာကိုတောင် မိမိသူငယ်ချင်းလစ်ထဲမှာပါမှ မိမိမြင်ရမှာဖြစ်ပါတယ်။

ကွန်မင်းပေးကြပုံမှာလည်း ကွာခြားမှုများရှိပါတယ်။ ဖေ့စ်ဘုတ်ထဲ၌ မိမိသူငယ်ချင်းအား မိမိပြောချင်သောစကားကို သူတို့နံရံမှာသွားရေးခြင်းအားဖြင့်သော်လည်းကောင်း ၄င်းတို့တင်ထားသော ပို့စ်များ ဓါတ်ပုံများ နှင့် မည်သို့သောအရာ၌မဆို မိမိသွားရောက်ပြီး ရေးခဲ့ပါက ထိုစာကို သူနှင့်ပါတ်သက်သော သူငယ်ချင်းများ မိမိနှင့်ပါတ်သက်သော သူငယ်ချင်းများ အားလုံးမြင်နိုင်မှာဖြစ်ပြီး ကွန်မင်းများလည်း လာရေးနိုင်ပါသည်။။ တခြားသူများပို့စ်လာမတင်မခြင်း ထိုကွန်မင်းကို လူတိုင်းတွေ့နေရမှာဖြစ်ပါသည်။ နောက်ပြီး မိမိထံလာရေးသော သူအား ပြန်လည်၍ ကွန်မင်းလုပ်ချင်ပါက သူ့စာမျက်နှာသို့တကူးတက သွားရောက်နေစရာမလိုပဲ ထိုကွန်မင်းအောက်တွင်ပင် ရေးပေးလိုက်ခြင်းအားဖြင့် မူလရေးသားထားခဲ့သူနှင့် မိမိအရင် လာရောက်ရေးသားထားခဲ့သော သူများထံသို့ အီးမေးလ်ဖြင့် အကြောင်းကြားပြီးသားဖြစ်သွားပါသည်။

ning ဆိုက်များမှာတော့ ပို့စ်များကလွဲ၍ မိမိကတစုံတယောက်အားကွန်မင်းလုပ်ချင်ပါက သူ့စာမျက်နှာသို့ သွားရောက်ရေးသားမှသာ သူသိရမှာဖြစ်ပါသည်။ ning ဆိုက်များ၌ တချို့မင်ဘာသစ်များ သူတို့အားလာရေးထားသော ကွန်မင်းအပေါ်မှ သူတို့က ကွန်မင်းများကို ပြန်ပေးထားတာတွေ့လေ့ရှိတတ်ပါသည်။ ထိုသို့ဖြစ်ခြင်းမှာ ဖေ့စ်ဘုတ်ဖြင့်ရောထွေးသွားသောကြောင့် ဖေ့စ်ဘုတ်ကဲ့သို့မှတ်ယူပြီး ရေးလိုက်ခြင်းဖြစ်မည်ဟုကျွန်တော်ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကိုယ်ရေးလိုက်သော ကွန်မင်းသည် ကိုယ်ဦးတည်လိုက်သူဆီကို မရောက်သွားသောကြောင့် တဖက်သူလည်း သိနိုင်မှာမဟုတ်ကြောင်းကို စေတနာဖြင့် အသိပေးလိုက်ပါသည်ခင်ဗျာ။.........


Follow members gave a thank to your post:
samurai, The Attaquant, yufcboy, lional man, yu yu, သီရိပျံချီ မောင်ရစ်, hacker, kar yan thit, ကိုကိုဖုန်း, မိငယ်, ခရမ်းပြာ, Zomm MayMe, green rose
ဘောလုံးချစ်သူတိုင်းကိုမဲမဲမေးမှကြိုဆိုပါတယ်ခင်ဗျာ။
April 07, 2010, 04:34:16 PM
Reply #3
  • Silver Member
  • ***
  • Thank You
  • -Given: 214
  • -Receive: 137
  • Posts: 15
  • Member Number: 625
  • Thank You +6/-0
Software မလိုဘဲ Icon လုပ်နည်း
Software တွေမလိုဘဲနဲ့ ကိုယ်ပိုင် Icon လုပ်လို့ရပါတယ်။ ကျွန်တော် ရေးထားတာတော့မဟုတ်ပါဘူး။ 14.3.2010 နေ့ ထုတ် Time To Time ဂျာနယ်မှာ ဖတ်လိုက်ရလို့ အများ သိအောင် တင်ပေးလိုက်တာပါ။ အဆင်ပြေပါစေ..။

အဆင့်(1)..Start ကနေ Paint ကို ဖွင့်ပါ။

အဆင့်(2) ....ကိုယ် Icon လုပ်ချင်တဲ့ ပုံကို file > Open ကနေပြီး ဖွင့်လိုက်ပါ။ ဒါမှမဟုတ်ရင်လည်း paint မှာ ပုံဆွဲ လိုက်ပေါ့။

အဆင့်(3)...... ပြီးသွားရင် file > Save as.. ကိုနှိပ်ပြီး save လိုက်ပါ။ အဲဒီလို save လုပ်တဲ့အခါ ကိုယ်ထားတဲ့ ပုံရဲ့ နာမည် အနောက်မှာ ".ico" ဆိုတာလေးကို ထည့်ပေးလိုက်ပါ။ နောက်ပြီးတော့ Save as type ဆိုတဲ့နေရာမှာ အပေါ်ဆုံးမှာရှိတဲ့ Monochrome Bitmap (.....) အမျိုးအစား နဲ့ Save လုပ်လိုက်ပါ။ အဲ့ဒီလို Monochrome Bitmap နဲ့ မလုပ်ဘဲ အခြား Bitmap တွေနဲ့ လုပ်မယ်ဆိုရင်လည်း ရပါတယ်။ ဒါပေမယ့် ကိုယ်လုပ်လိုက်တဲ့ ပုံတွေက ပျက်သွားတတ်လို့ Monochrome Bitmap နဲ့ပဲလုပ်တာပိုကောင်းမယ်ထင်ပါတယ်။
အဆင့်(4) ..... ဒါဆိုရင် သင့်ရဲ့ Icon လုပ်ဆောင်ချက်က ပြီးဆုံးသွားပါပြီ..။ သင့် save လုပ်ထးတဲ့ နေရာမှာ သွားဖွင့်ကြည့်လိုက် တော့ပေါ့..။ အခုလုပ်လိုက်တာက file ကို icon ပြောင်းတာနော်..။ Folder ကို ပြောင်းချင်ရင်လည်း Folder Icon ပြောင်းတဲ့ နေရာမှာ သွားပြောင်းလိုက်ပေါ့။ ကဲ... အဆင်ပြေပါစေ..။


Follow members gave a thank to your post:
April 07, 2010, 04:40:43 PM
Reply #4
  • Silver Member
  • ***
  • Thank You
  • -Given: 214
  • -Receive: 137
  • Posts: 15
  • Member Number: 625
  • Thank You +6/-0
Gmail Inbox ကို Filter ခွဲထားမယ်
ကိုယ့်ရဲ့  Gmail Inbox ထဲမှာ mail တွေရှာရတာအာရုံနောက်နေတယ်ဆိုရင် Filter ခွဲထားလိုက်ရင် အဆင်ပြေသွားမှာပါ။
ကိုယ် Filter ခွဲချင်တဲ့ mail ကိုအရင်ဆုံး Select လုပ်လိုက်ပါ။(Starred (ကြယ်ပုံ)ဘေးက လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ)
ပြီးရင် More actions ကိုနှိပ်ပါ။ အဲဒီထဲက Filter messages like these ကိုနှိပ်လိုက်ပါ။
Create a Filter ဆိုတဲ့ Box ကျလာပါလိမ့်မယ်။
Next Step> ကိုနှိပ်ပါ။

Skip the Inbox (Archive it)
Apply the label:
စတာတွေကို Select ပေးပါ။ (လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ)
Apply the label: Choose label... မှာ New label... ကိုရွေးပေးပါ။
New label... ဆိုတဲ့ box ကျလာပါမယ်။
ကိုယ်ခွဲတဲ့  Filter ရဲ့  Name ကိုရေးပေးပါ။
(ဥပမာ။ ။Foreverfriends ကပို့ တဲ့ မေးလ်ကို Filter ခွဲတယ်ဆိုရင် Foreverfriends လို့ ရေးပါ။)
ပြီးရင် Also apply filter to ? conversations below. ကို Select ပေးလိုက်ပါ။ (လေးထောင့်အကွက်ထဲ မှာ အမှန်ခြစ်လေးပေးတာပါ)
ပြီးရင်တော့ Create Filter ကိုနှိပ်လိုက်ရင် Filter ခွဲလို့ ပြီးသွားပါပြီ။။။


မိတ်ဆွေသူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေ။(ဒီစာလေးကို မေးလ် ထဲမှကူးယူရေးသားသည်။)


Follow members gave a thank to your post:
April 07, 2010, 05:17:51 PM
Reply #5
  • Silver Member
  • ***
  • Thank You
  • -Given: 214
  • -Receive: 137
  • Posts: 15
  • Member Number: 625
  • Thank You +6/-0
ဟေ့ ! Gtalk မှာ သင့် ကို block ထားလားသိချင်လား

Gtalk မှာ ကိုယ် မ chat ချင်တဲ့/မကျေနပ်တဲ့ သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးသား ဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ right-click လုပ်ပြီး block ကို ရွေးလိုက်ရုံပါပဲ။
ကိုယ့်ဘက်မှာ အဲဒီID ပျောက်သွားပြီး၊ သူ့ဘက်မှာတော့ ကိုယ်က offline ဖြစ်နေမှာပါ။
(သူများကိုသာ block လုပ်ချင်တာ...ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်မဟုတ်လား..။ )
အဲဒီတော့ ကိုယ့်ကို block လုပ်ထား/မထားကို စစ်ကြည့်လို့ရပါတယ်။
ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ..ပြီး.. 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။
(သူ့ကို offline အနေနဲ့ပဲမြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ။)
မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message...' ဆိုတဲ့ အသံမျိုး ကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။
တကယ့်ကို offline ဖြစ်နေတာပါ။
အဲလိုမဟုတ်ပဲ ခေါ်လိုက်တာနဲ့ကျ ကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...
စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ...
ကဲ...ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား...။
သိလာပါလိမ့်မယ်....။


Follow members gave a thank to your post:
April 15, 2010, 11:33:37 PM
Reply #6
  • မဲမဲ
  • Active Lion
  • *****
  • Thank You
  • -Given: 14959
  • -Receive: 14284
  • Posts: 2245
  • Member Number: 364
  • Thank You +65535/-0
  • ရန်ကုန်မြို့  နဲ့  ရန်ကုန်FCကိုချစ်တဲ့ ကိုမဲ
    • ပစ်တိုင်းထောင်လေးများအဖွဲ
                                                          အင်တာနက်ကွန်ရက်မလိုဘဲ pfingo အသုံးပြုနိုင်



အင်တာနက်ကွန်ရက်မလိုဘဲ ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံခြားဖုန်းခေါ်ဆိုနိုင်ကြောင်း IT CARE Computer Services မှသိရသည်။
“အင်တာနက်ကနေ pfingo ဖြင့်ခေါ်ဆိုမှုတွေဟာ လိုင်းမကြည်ခြင်း၊ ခေါ်ဆို၍မရခြင်း၊
တစ်ဖက်မှပြောသော အသံကိုသာကြားရခြင်း စတဲ့ အဆင်မပြေမှုတွေ ရှိပါတယ်။
ဒီအခက်အခဲတွေအတွက် pfingo မှ Bounce Service (Call Back) ကို
မိတ်ဆက်ပေးလိုက်ပါတယ်။ Bounce (Call Back) ကိုအသုံးပြုဖို့အတွက်
အင်တာနက်ရှိဖို့မလိုအပ်ဘဲ GSM, CDMA လိုင်းဖုန်း
တစ်မျိုးမျိုးရှိရန်သာလိုအပ်ပါတယ်။ အသုံးပြုပုံကတော့ ပထမဦးစွာ pfingo Bounce ဖုန်းနံပါတ် (+၆၅၈၁၁၈၀၀၀၀) ကို ခေါ်ရမှာဖြစ်ပါတယ်။
အဲဒီနောက်မှာ ဖုန်းလိုင်းကျသွားပြီး pfingo Bounce မှပြန်ခေါ်မှာဖြစ်ပါတယ်။
တတိယအဆင့်မှာတော့ ခေါ်ဆိုလိုတဲ့ဖုန်းနံပါတ်ကို # Sign
ခံပြီးနှိပ်ရမှာဖြစ်ပါတယ်။ (eg.6512345678#) အဲဒီနောက်မှာတော့
ဖုန်းစတင်ပြောဆိုနိုင်ပါပြီ” ဟု IT CARE Computer Service မှတာဝန်ရှိသူ
ကိုမင်းတေဇာချိုမှ အင်တာနက်ဂျာနယ်သို့ပြောသည်။ Bounce အသုံးပြုရန်အတွက်
ဖုန်းကို Activate လုပ်ရန်လိုအပ်ပြီး၊ Oversea Call ဖွင့်ထားရမည်ဖြစ်သည်။
Bounce အသုံးပြုပြီးခေါ်ဆိုပါက တစ်မိနစ် ၃၅၀/၄၀၀ ကျပ်ဝန်းကျင်ခန့်သာ
ကုန်ကျမည်ဖြစ်သလို အသံကိုလည်း အထူးကြည်လင်စွာ ပြောဆိုနိုင်မည်ဖြစ်ကြောင်း
သိရသည်။ အထက်ဖော်ပြပါ ဆားဗစ်နှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက
ဖုန်း-၀၉၅၁၂၈၈၅၃၊ အမှတ်- ၅၈၊ သုံးလွှာ၊ မဟာဗန္ဓုလပန်းခြံလမ်း၊
ကျောက်တံတားမြို့နယ်တွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။


Follow members gave a thank to your post:
ဘောလုံးချစ်သူတိုင်းကိုမဲမဲမေးမှကြိုဆိုပါတယ်ခင်ဗျာ။
April 16, 2010, 06:05:46 PM
Reply #7
  • Professional Lion
  • ***
  • Thank You
  • -Given: 890
  • -Receive: 13518
  • Posts: 2420
  • Member Number: 288
  • Thank You +65535/-0
    • Yangon United FC Fan Club

မြန်မာစာလုံးကို ရိုက်ထည့်ပြီးဖြစ်စေ၊ အင်္ဂလိပ်အဓိပ္ပာယ်သိလိုလျှင်ဖြစ်စေ၊ အင်္ဂလိပ်စာလုံး၏ မြန်မာဘာသာဖြင့် အဓိပ္ပာယ်ကို
သိလိုလျှင်ဖြစ်စေ ၂ ဘာသာလုံးကို တစ်နေ့တည်းတွင် ကြိုက်ရာရိုက်ထည့်ရှာနိုင်သော အင်တာနက်အဘိဓာန်ကို Myanmar’s NET က မတ်လ ၂၉ ရက်တွင် စတင် လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ Internation Service အဖြစ်ပြုလုပ်ထားသော ယင်းအင်တာနက်အဘိဓာန်တွင် စာလုံးပေါင်း ၃၃၀၀၀ ကျော်ပါဝင်ပြီး Myanmar NLP.org.mm ၏ Windows English-Myanmar Translator ဆိုသည့် ဆော့ဖ်ဝဲကို အခြေခံထားကြောင်း Myanmar’s NET မှ ဦးသန့်ဇင်ဦးက ပြောကြားသည်။ “မြန်မာ Font နဲ့ရှာမယ်ဆိုရင် Unicoad Standard ကသတ်မှတ်ထားတဲ့ Font ပဲရတယ်။

အခုလို လွှင့်တင်တယ်ဆိုတာ Dictionary မရှိတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဘာသာပြန်ဖို့အခက်အခဲရှိရင်ပဲဖြစ်ဖြစ်၊ အင်တာနက်သုံးတဲ့သူတွေအတွက် အဆင်ပြေ စေချင်လို့ပဲ” ဟု ၄င်းကဆိုသည်။ ထိုအင်တာနက် အဘိဓာန်သည် သမားရိုးကျ Dictionary များကဲ့သို့ အသေးစိတ် မဖော်ပြနိုင်သော်လည်း စာလုံး တစ်လုံးရှာလျှင် ယင်းနှင့်ပတ်သက်ရာ နီးစပ်ရာစာလုံးများကိုပါ တွဲဖက်ပြသသဖြင့် အသုံးပြုသူများအတွက် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ အင်တာနက်မှ တစ်ဆင့် ယင်းအဘိဓာန်ကို အခမဲ့သုံးနိုင်ပြီး Dictionary Data ထပ်မံဖြည့်စွက်ရန် ဆောင်ရွက်လျက်ရှိကာ အသုံးပြုလိုသူများမှာ http://myanmar-myanmar.com/dictionary သို့ ၀င်ရောက်ကြည့်ရှုနိုင်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၁ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မန္တလေးဂဇက်တီမှကူးယူတင်ပြသည်


Follow members gave a thank to your post:


*\
**\
***
|||
|||. . . I Belong to Music,R&B
|||. . .
|||
|||
|||
|||
|||
|||. . . /\
||| . . /*\
||| . ./ **\
|||_ /****\
|||******/
---*****/
*******/
******/
*****
April 20, 2010, 10:04:19 PM
Reply #8
  • မဲမဲ
  • Active Lion
  • *****
  • Thank You
  • -Given: 14959
  • -Receive: 14284
  • Posts: 2245
  • Member Number: 364
  • Thank You +65535/-0
  • ရန်ကုန်မြို့  နဲ့  ရန်ကုန်FCကိုချစ်တဲ့ ကိုမဲ
    • ပစ်တိုင်းထောင်လေးများအဖွဲ
Skype ကို Gtalk လိုဘဲ ဇော်ဂျီဖောင်နဲ့ ချက်ရအောင်

Skype မှာလည်း ဂျီတော့မှာလို ဇော်ဂျီဖောင့် (မြန်မာ) စာနဲ့ ချက်လို့ရပါတယ်။
ဒါကို သိပြီးသားတွေပါပဲ။ အသစ်အဆန်းတော့မဟုတ်ပါဘူး။
ဒါပေမဲ့ မသိသေးတဲ့ သူတွေအတွက် ရည်စူးပြီးရေးရတာပါ။
အဓိကတော့ မြန်မာစာနဲ့ချက်လို့ရအောင် ဖောင့်ပြောင်းနည်းလေပါပဲ။
ကဲပြောင်းမယ်နော့်....

Skype ကို ဂျီတော့လိုပဲ Sign in လုပ်လိုက်ပါ။
ပွင့်လာပြီဆိုရင်....။ Tools ကိုနှိပ်လိုက်ပါ။
ပြီးတော့ Options ကို နှိပ်ပါ။
Skype Options ဆိုတဲ့ ဘောက်စ် တခု ပေါ်လာပါလိမ့်မယ်။
ဘယ်ဘက်ဒေါင့်နားမှာ IM & SMS ကို နှိပ်လိုက်ပါ။
ပြီးရင် တမျိုးပြောင်းသွားပါလိမ့်မယ်။
အဲဒီဘယ်ဘက်မှာပဲ IM appearance ဆိုတဲ့ အ၀ါရောင်လေးနဲ့ ပြထားတဲ့ ဟာလေးကို နှိပ်လိုက်ရင်
ညာဘက်မှာ Change Font ဆိုတာလေးတွေ့ပါလိမ့်မယ်။
Change Font ကိုနှိပ်လိုက်ပြီး Zaw gyi one ကို ပြောင်းလိုက်ရုံပါပဲ။
စာလုံးဆိုက်ကိုတော့ 10 လောက်ထားမှာ ကြည့်ကောင်းမှာပါ။
ပြီးတော့ Ok ပေါ့။ Ok နှိပ်ပြီးရင် Save လုပ်ပါ။ ဒါဆိုပြီး ဂျီတော့လိုပဲ မြန်မာလိုချက်လို့ပါပြီ။
သဘောပေါက်လောက်ပါတယ်နော့်။ ဘာမှသိတာတော့ မဟုတ်ပါဘူး။
ကိုယ်သိတာလေးတွေကို မသိသေးတဲ့သူတွေအတွက် မျှဝေတာပါ။ ဆရာကြီးများ အသာနေနော့်....။
ဟီးဟီး................ :cheesy: :tongue:


Follow members gave a thank to your post:
ဘောလုံးချစ်သူတိုင်းကိုမဲမဲမေးမှကြိုဆိုပါတယ်ခင်ဗျာ။
April 20, 2010, 10:15:44 PM
Reply #9
  • မဲမဲ
  • Active Lion
  • *****
  • Thank You
  • -Given: 14959
  • -Receive: 14284
  • Posts: 2245
  • Member Number: 364
  • Thank You +65535/-0
  • ရန်ကုန်မြို့  နဲ့  ရန်ကုန်FCကိုချစ်တဲ့ ကိုမဲ
    • ပစ်တိုင်းထောင်လေးများအဖွဲ
CREATE NEW GMAIL ACCOUNT WITHOUT MOBILE PHONE

ကျွန်တော် ဒီပို့စ်လေးတင်ရတဲ့ ရည်ရွယ်ချက်ကတော့
မြန်မာပြည်တွင်းမှ အင်တာနက်အသုံးပြုနေကြတဲ့ ညီအကိုသူငယ်ချင်းအပေါင်းတို့
လတ်တလော ကြုံတွေ့နေရတဲ့ gmail acc အသစ်ဖောက်မရတဲ့ပြဿနာလေးကို
အဆင်ပြေစေချင်တဲ့သဘောနဲ့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ် .
လတ်တလော မြန်မာပြည်တွင်းနေ အင်တာနက်သုံးစွဲသူတွေ အနေနဲ့ကြုံတွေ့နေရတဲ့
gmail account အသစ်ဖွင့်ရာမှာ mobile phone မရှိပဲ new gmail acc ဖွင့်မရတော့လောက်အောင်ဖြစ်နေတဲ့ပြဿနာက
မိမိတို့၏အင်တာနက်ကွန်နက်ရှင်နဲ့ လုံးဝမပက်သက်ပါဘူး
Google service ကဖောင်းပွနေတဲ့ သူတို့ရဲ့ လုပ်ငန်းကိုထိန်းသိမ်းတဲ့ အနေနဲ့ လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်..
ကျွန်တော့်အထင်ပြောရမယ်ဆိုရင် အကယ်၍ mobile phone ရှိငြားသော်လည်း
မြန်မာပြည်တွင်းနေလူတစ်ယောက်အဖို့ gmail acc အသစ်တစ်ခု ဖွင့်ဖို့က လွယ်ကူမည်မထင်ပါ
အကြောင်းကတော့ Google service မှ activation sms code ပို့ဆောင်ပေးတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံမပါလို့ပါပဲ....
မြန်မာပြည်တွင်း အချို့နေရာတွေမှာတော့ gmail acc အသစ်ဖွင့်ရာမှာ
အရင်မူလ ပုံစံအတိုင်း sms activation code မတောင်းပဲ အဆင်ပြေချောမွေ့စွာ ပြုလုပ်နိုင်တယ်လို့သိရှိရပါတယ် ..
ကျွန်တော့်အမြင်ပြောရရင် ၄င်းအကောင့်များဟာ အများအားဖြင့်
ပြုလုပ်ပြီး တစ်ရက်နှစ်ရက်အတွင်း အကောင့် locked ကျသွားတာမျိုးဖြစ်နိုင်ပါတယ် ..
အကောင့် Locked ကျပြီး activation code ပြန်တောင်းမှာပါပဲ ..
ထိုကဲ့သို့ new gmail acc နဲ့ပက်သက်ပြီး  ပြဿနာအမျိုးမျိုးကြုံတွေ့နေကြရတဲ့
မြန်မာပြည်တွင်းနေ အင်တာနက်သုံးစွဲသူအပေါင်းတို့အတွက် အခက်အခဲလေးပြေစေပြေကြောင်း ဒီဆွေးနွေးချက်လေးကို တင်ပေးလိုက်ပါတယ် ..
သိပြီးသားဆိုရင် လဲသီးခံပြီးဖတ်ရှုပေးကြပါနော် :)

အဆင့် ၁ အနေနဲ့ -
            သင်ဟာအကောင့်အသစ်ဖွင့် ချင်သူဆိုရင် အကောင့်ရှိတဲ့ သင့်သူငယ်ချင်းတစ်ဦးဦးထံမှ သင့်ထံကို gmail ကနေတစ်ဆင့် invite mail ပို့ခိုင်းဖို့ လိုပါလိမ့်မယ် ..သင့်မှာ gmail acc နှစ်ခု အဆင့်သင့်ရှိနေတယ်ဆိုရင်တော့
အကောင့်တစ်ခုကနေ နောက်တစ်ခုကို invite mail ပို့ရင်လဲ အဆင်ပြေနိုင်မယ်ထင်ပါတယ်  အကောင်းဆုံးကတော့ သူငယ်ချင်းတစ်ယောက်ယောက်ဆီကနေ ပို့ခိုင်းတာပိုကောင်းပါတယ် ..

အဆင့် ၂ အနေနဲ့ -
            invite mail ပို့ပုံလေးပါပဲ ဘာမှမခက်ပါဘူး gmail ကိုဖွင့်လိုက်တာနဲ့  left column အောက်ဆုံးနားလောက်မှာ invite a friend ဆိုတဲ့ invite box လေးပါရှိပါတယ်  ထိုဘောက်စ်ကလေးကနေတစ်ဆင့်
မိမိဆီကို invite လုပ်ခိုင်းမယ်ဆိုရင်  သူငယ်ချင်းကို မိမိအကောင့်ကို ထိုဘောက်စ်ကလေးမှာ ရိုက်ထည့်ပြီး send invite ဆိုတာလေးကို ကလစ်ပေးလိုက်ရုံပါပဲ invite လုပ်လို့ ပြီးသွားပြီဆိုရင် အဲ့ဒီဘောက်လေးအောက်နားမှာပဲ
invite sent to.......(gmail acc name) ဆိုပြီးပေါ်လာပါလိမ့်မယ် ..

အဆင့် ၃ -
            invite mail ပို့တဲ့အဆင့်ပြီးဆုံးသွားပြီဆိုတာနဲ့ အပို့ခံရတဲ့သူရဲ့ gmail ထဲမှာ ....(sender name) has invited you to open a Google mail acc ဆိုပြီးမေးလ်တစ်စောင် ၀င်လာပါလိမ့်မယ် (မ၀င်လာဘူးဆိုရင် လည်းနောက်တစ်ကြိမ်ထပ်ပို့ ခိုင်းပေါ့ :P)  ထိုမေးလ်ကိုဖွင့်လိုက်တာနဲ့  To accept this invitation and register for your account, visit ဆိုတဲ့စာတန်းလေးရဲ့ အောက်မှာ လင့်လေးတစ်ခုကိုတွေ့ရပါလိမ့်မယ် .. ထိုလင့်လေးကနေတစ်ဆင့်ဝင်ပြီးတော့ new gmail acc ကို ဟိုအရင် gmail acc တွေဖွင့်သလိုပဲ ဖွင့်နိုင်ပါပြီခင်ဗျာ
(အကောင့်တော့ ဖွင့်တတ်ကြမယ်ထင်ပါတယ်  :P နောက်တာ ) 
တစ်ခုသတိပေးချင်တာက အကောင့်အသစ်တစ်ခုဖွင့်လိုက်ပြီဆိုတာနဲ့ ထိုဖွင့်လိုက်တဲ့အကောင့်ထဲမှာ invite mail ပေးပို့ထားတဲ့သူရဲ့ အကောင့်က auto ပါနေမှာဖြစ်ပါတယ် သင့်မေးလ်းကို invite လုပ်ထားတဲ့သဘောပေါ့  accept or blocked သင့်သဘောအတိုင်းပါပဲ...
           
မြန်မာပြည်တွင်းက အကောင့်အသစ်ဖွင့်ဖို့အတွက် အခက်အခဲဖြစ်နေတဲ့
ညီအကိုသူငယ်ချင်းတို့အဆင်ပြေစေချင်တဲ့သဘောနဲ့ 
ကျွန်တော်လက်ကမ်းမှိသလောက်ကိုဝေမျှပေးလိုက်ပါတယ်
အားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ် ................
myanmar IT development မှတဆင့် ကူးယူဖော်ပြချင်းဖြစ်ပါတယ်။


Follow members gave a thank to your post:
ဘောလုံးချစ်သူတိုင်းကိုမဲမဲမေးမှကြိုဆိုပါတယ်ခင်ဗျာ။