Author Topic: အင်တာနက်နှင့်ပက်သက်သော သတင်းများ  (Read 524 times)

0 Members and 1 Guest are viewing this topic.

July 15, 2010, 06:30:32 PM
Reply #20
  • Professional Lion
  • ***
  • Thank You
  • -Given: 890
  • -Receive: 13518
  • Posts: 2420
  • Member Number: 288
  • Thank You +65535/-0
    • Yangon United FC Fan Club
Gmail address တစ်ခုကို သိရုံနဲ့ သူဟာ ဘယ်နိုင်ငံကလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတော့ သူ့ဆီကို Mail တစ်စောင်ပို့တဲ့အခါ သူဟာ အဲဒီ မေးလ်ကို ဖတ်လား မဖတ်လား ဆိုတာကိုလည်း သိနိုင်ပါတယ်။ Website နှစ်ခုကို အသုံးပြုပြီး လုပ်နိုင်ပါတယ်။ ပထမဆုံးတစ်ခုက Spypig ပါ။

1. Browser ကနေ New Windows တစ်ခုကို ဖွင့်လိုက်ပါ။ http://www.spypig.com/ ကိုသွားလိုက်ပါ။
2. နောက် Windows တစ်ခု ထပ်ဖွင့်ပြီး ကိုယ့် Gmail ကိုဖွင့်ထားပါ။ Compose Mail ကိုနှိပ်ထားပါ။
3. Spypig ရဲ့ Step1 Text box မှာ ကိုယ့် email ကိုရိုက်ပါ။ Step2 မှာ Subject ထည့်ပါ။ Step3 မှာပေးထားတဲ့ ပုံတွေထဲက ကိုယ်ကြိုက်တာကို ရွေးပါ။ Step4 မှာ 3 ကိုရွေးပါ။
4. ပြီးရင် Click to Activate My Spypig ဆိုတဲ့ button လေးကို နှိပ်လိုက်ပါ။ အဲဒီအခါ အောက်မှာ စက္ကန့်တွေပါတဲ့ ပုံလေးတစ်ပုံ ပေါ်လာပါလိမ့်မယ်။
5. အဲဒီပုံလေးကို နှိပ်ဆွဲပြီး Gmail ရဲ့ Body ထဲမှာ လွှတ်ချလိုက်ပါ။
6. ပြီးရင် တခြားစာလေးဘာလေးစသည်ဖြင့် ရိုက်ထည့်ပြီး Send ကိုနှိပ်လိုက်ပါ။

ကိုယ်ပို့လိုက်တဲ့သူက ကိုယ့် Mail ကိုဖတ်လိုက်တဲ့အခါမှာ Spypig ဟာ Mail ဖတ်ပြီးတဲ့အကြောင်း သတိပေးစာကို ကိုယ့် Gmail ဆီပြန်ပို့ပေးပါလိမ့်မယ်။ အဲဒီထဲမှာ ဖတ်တဲ့သူရဲ့ IP လည်း ပါပါတယ်။
ဒါဆို သူ့ရဲ့ IP သိသွားပါပြီ။ ဘယ်နိုင်ငံကလဲ ဆိုတာကိုတော့http://www.ip2location.com/free.asp ကိုဖွင့်ပြီး အစောက IP ကို ရိုက်ထည့်ပေးလိုက်ရင် ဘယ်နိုင်ငံကလည်းဆိုတော ပေါ်လာပါလိမ့်မယ်။
အင်တာနက်မှာ ဆိတ်ကွယ်ရာမရှိပါဘူး။

Myanmar IT Men




*\
**\
***
|||
|||. . . I Belong to Music,R&B
|||. . .
|||
|||
|||
|||
|||
|||. . . /\
||| . . /*\
||| . ./ **\
|||_ /****\
|||******/
---*****/
*******/
******/
*****
July 18, 2010, 06:05:01 PM
Reply #21
  • Professional Lion
  • ***
  • Thank You
  • -Given: 890
  • -Receive: 13518
  • Posts: 2420
  • Member Number: 288
  • Thank You +65535/-0
    • Yangon United FC Fan Club
အလကားရတိုင်း account တွေအများကြီးဖွင့်ပြီး စိတ်ရှုပ်နေတဲ့ သူငယ်ချင်း
ကိုကို မမ များအတွက်
အသုံးဝင်မယ်ထင်ပါတယ်။

G-mail ကိုဘယ်လိုဖျက်မလဲ…..

အခမဲ့ရတဲ့ G-mail တွေသင့်မှာများနေပြီ..ကျူခံရတာများလို့စိတ်ညစ်လို့ပဲဖြစ်ဖြစ်

ဒါမှမဟုတ် ကိစ္စတစ်ခုခုကြောင့် ဖျက်ချင်တာပဲဖြစ်ဖြစ် ဖျက်ကြည့်ရအောင်…………

-Google Account Settings ဆီကိုသွားပါ။Edit ထဲကိုအရင်သွားလိုက်နော် ပြီးရင်.

-Delete a Service အောက်က Delete G-mail Service ကို Click ပါ။

ဒီနေရာမှာ Close account and delete all service and info associated
with it ကိုရွေးလည်းရပါတယ်။ဒီလိုရွေးချယ်မယ်ဆိုရင်
ဖျက်ချင်တဲ့အကောင့်နဲ့သက်ဆိုင်သမျှ

i-google ,Google Docs စတာတွေပါ ပါသွားမှာပါ။

-Yes ,I want to permanently delete *******@gmail.com and


remove from my google account ကိုရွေးပါ။

-New Email Address နေရာမှာ သင့်ရဲ့ အီးမေးလ် လိပ်စာတစ်ခုခုအသစ်ရေးပါ။

G-mail က Secondary email ကိုသတင်းပေးရာမှာ အသုံးပြုလို့ပါ။ ဒီ E-mail က
Google အတွက် သင့်မူပိုင်ပါပဲ။

-ဖျက်ပြစ်လိုက်တဲ့ E-mail ရှိ ၊မရှိ စောစောလေးက ပေးထားခဲ့တဲ့ Mail
မှတစ်ဆင့်ပြန်စစ်ကြည့်ပါဦး။

-Current Password အောက်က G-mail Password ကိုဝင်ပါ။

-Remove G-mail ကိုရွေးပါ။

-Account-neroplyegoogle.com မှ Confirmation ကို သင်ပေးခဲ့တဲ့
Secondary�account မှာ ဖွင့်ကြည့်ပါ။

-Deletion Link ကိုဝင်ပါ။

-Password ရိုက်ထည့်ပါ။ပြီးရင် Verify: ပေါ့။

OK ပြီနော်…..


mandalay gazette


Follow members gave a thank to your post:


*\
**\
***
|||
|||. . . I Belong to Music,R&B
|||. . .
|||
|||
|||
|||
|||
|||. . . /\
||| . . /*\
||| . ./ **\
|||_ /****\
|||******/
---*****/
*******/
******/
*****
November 25, 2011, 09:45:26 AM
Reply #22
  • Active Lion
  • *****
  • Thank You
  • -Given: 5632
  • -Receive: 8217
  • Posts: 749
  • Member Number: 103
  • Thank You +140/-0
Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို   
 
 နယူးဒေလီ (မဇ္ဈိမ) ။         ။ ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။
 
 “သူက ကြားခံ ဆာဗာ သုံးခုကို   ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို  အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက်  အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က  မဇ္ဈိမကို ပြောသည်။
 
 ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ  နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet  service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ  တယ်လီပို့စ်နှင့်
 မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့်  ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway  တို့ဖြစ်သည်။
 ...........................................
 
 Gmail, Gtalk ဘယ်အစိုးရကမှ ကြားကနေ ဖောက်မဖတ်နိုင်ဘူးဗျို့........   
 
 
 Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်... ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....
 
 မြန်မာပြည်က  အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။  အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT  Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy  မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web  Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့  ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို  ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့  စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel  ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို  အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt  လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး  019275&6%#%@*! ဆိုတဲ့  စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့  Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။  ဒီပုံထဲက SSL Encryption အလုပ်လုပ်ပုံကိုကြည့်ရင်သိနိုင်ပါတယ်။
 
 
 
 ပုံမှန်  ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင်  http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ  ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး  ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို  တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ  ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။  အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate  ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန်  Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု  ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ  လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက  ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့  Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊  နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ  တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။
 
 အဲ့ဒိအတွက် https သုံးထားတဲ့  ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင်  လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP  (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့်  မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း  Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို  ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို  ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။  ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application  တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application  တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta,  Land Rover, Virgin America, EPS, Brown University, National Geographic,  တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို  http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။  အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ  တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။
 
 https  ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super  Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ်  ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ  ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...
 
 https ကိုပိတ်လို့မရတဲ့အတွက်ကြောင့်  နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို  ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်...  မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ....  အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို  ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်... အခု Facebook ဟာ  Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http  သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်....  အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး  ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက်  www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့  ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ...  အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found  ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied  ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်းမဟုတ်တော့ပါဘူး။
 
 စာထဲမှာ  ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း  တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။ အောက်ကပုံကိုကြည့်ရင် DNS Poisoning အလုပ်လုပ်ပုံကို တွေ့ရမှာ ဖြစ်ပါတယ်။
 
 
 
 အသုံးပြုသူဟာ  www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS  Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား  www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ  အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar  ကနေ စစ်ကြည့်လို့ရပါတယ်။
 
 အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက  ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential  ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို  ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ  Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊  တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင်  ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ  ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website  တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service  ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။  အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https  သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့်  သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ  ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန်  Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။
 
 အဲ့ဒိလို သွားကြည့်တဲ့  Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software  တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ  တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software  တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့်  အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့  Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊  ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊  DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ  လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port  ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ  ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက်  ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။
 
 FTP  Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့  အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။ (အခုတော့ မသိဘူး ကျွန်တော့လာမမေးနဲ့ သူတို့သွားမေး.... )
 
 လက်ရှိ  မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System  ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့  ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက  တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy  ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့  လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း  မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server  တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။  ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ  နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate  Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat  ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)
 
 Microsoft TMG မှာအဲ့ဒိ  စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို  သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့  Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access  လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့  Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public  ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ  သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication  မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ  ဒေါင်းကုန်လို့ဖြစ်ပါတယ်။
 
 ယခင် အစိုးရက အင်တာနက်ကို ကြားက  ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက်  အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော်  သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာတောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကိုမမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။
 
 ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး  မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင်  သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်....  ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့်  ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို  ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး...  Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့  အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို  လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား  မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့  အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့  မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ  စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့  လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ်  Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့  မပြောတတ်ဘူးဗျိုး.....
 
 by James Mmt
 
 SOURCE - http://www.thithtoolwin.com/2011/11/gmail-gtalk_25.html


Follow members gave a thank to your post:
January 26, 2012, 10:15:30 PM
Reply #23
  • play hard, play fair, never quit
  • Silver Member
  • ***
  • Thank You
  • -Given: 1
  • -Receive: 51
  • Posts: 12
  • Member Number: 9703
  • Thank You +51/-0
  • www.ygnfcfanclub.com
ဘယ်နေရာမှာ ပြောရမှန်းမသိလို့ IT news ဆိုတဲ့အောက်က ဒီ post မှာ ပဲဝင်ရေးလိုက်ပါတယ်ဗျာ နေရာမှားနေရင်လည်း တောင်းပန်ပါတယ် (အလဲ့.........အောင်လလိုလိုဘာလိုလိုနဲ့) ကျွန်တော်ပြောချင်တာက ဖေဖ၀ါရီလ ၁၁ နဲ့ ၁၂ ရက်မှာ လုပ်မယ့် Barcamp အကြောင်းပါ။ Barcamp ဆိုတာ သိပြီးသားဖြစ်မှာပါ။
ဟောပြောပွဲတွေလို သူများပြောတာ ကြီးပဲနားထောင်နေရတာမဟုတ်ဘူး။ ကိုယ်ပြောချင်တာရှိရင်လည်းပြောလို့ရတယ်။ Presentation လုပ်လို့ရတယ်။ နေရာကတော့ myanmar info-tech ပေါ့။ အချိန်က နံနက် ၈ နာရီကနေ ညနေ ၅ နာရီထိ။ ကိုယ်သွားချင်တဲ့အချိန်သွား လို့ ရတယ်လေ။ Ticket တော့လိုတယ်ဗျ။ အဲဒါကြောင့် ကျွန်တော့တို့ fan မောင်နှမတွေထဲက စိတ်ပါဝင်စားလို့ သွာချင်တဲ့လူရှိရင် http://barcampyangon2012.doattend.com/ မှာ request လုပ်လို့ရနေပြီလို့ အသိပေးချင်တာပါ။ သူတို့ဖြည့်ခိုင်းတာလေးတွေဖြည့်ပြီးရင် ကိုယ့် mail ထဲကို ticket ပို့ပေးတယ်။ print ထုတ်သွား လိုက်ရုံပဲ။


Follow members gave a thank to your post:
Ygn Forever